ဒေတာကာကွယ်ရေးဆိုင်ရာ အချက်အလက်များ
ကျွန်ုပ်တို့အနေဖြင့် ဒေတာကာကွယ်ရေးနှင့် လျှို့ဝှက်လုံခြုံရေးတို့ကို အလွန်အလေးအနက်ထား ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိပြဌာန်းထားသော နိုင်ငံနှင့် ဥရောပ ဒေတာကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းများအား လိုက်နာဆောင်ရွက်သွားပါမည်။ အစီရင်ခံစာတစ်စောင် မတင်သွင်းမီ ဒေတာကာကွယ်ရေးနှင့်ပတ်သက်သည့် အောက်ပါ အချက်အလက်များကို ကျေးဇူးပြု၍ သေချာစွာ ဖတ်ရှုပါ။
ကျင့်ဝတ်ဖောက်ဖျက်မှု သတင်းပေးစနစ်နှင့်ပတ်သက်သည့် အချက်အလက်များ
ကျင့်ဝတ်ဖောက်ဖျက်မှု သတင်းပေးစနစ်အား METRO GROUP ကိုယ်စား ဂျာမနီနိုင်ငံရှိ EQS Group GmbH မှ စီမံခန့်ခွဲပေးပါသည်။
ကျင့်ဝတ်ဖောက်ဖျက်မှု သတင်းပေးစနစ်အတွင်းသို့ ထည့်သွင်းလိုက်သည့် ကိုယ်ရေးအချက်အလက်များနှင့် အခြားအချက်အလက်များကို EQS Group GmbH၊ Bayreuther Straße 35၊ 10789 Berlin မှ စီမံခန့်ခွဲလျက်ရှိသော အချက်အလက်ဘဏ်တစ်ခုအတွင်း သိမ်းဆည်းထားပါသည်။ METRO GROUP သာလျှင် ဒေတာအချက်အလက်များကို ကြည့်ရှုအသုံးပြုခွင့်ရှိပါသည်။ EQS Group GmbH ဖြစ်စေ၊ အခြား ကြားခံအဖွဲ့အစည်းတစ်ခုခုဖြစ်စေ ဒေတာအချက်အလက်များကို ကြည့်ရှုအသုံးပြုခွင့်မရှိပါ။
ဒေတာအချက်အလက်များအားလုံးကို စကားဝှက်ပြုလုပ်ထားပြီး လျှို့ဝှက်စကားလုံးဖြင့် ကာကွယ်ထားက လုံခြုံသော နေရာတစ်ခုတွင် သိမ်းဆည်းထားပါသည်။ ယင်းမှာ METRO GROUP အတွင်း အလွန်နည်းပါးသည့် အခွင့်အာဏာ အတိအလင်းရှိသော ပုဂ္ဂိုလ်များသာလျှင် ကြည့်ရှုအသုံးပြုခွင့်ရရန် ကန့်သတ်ထားစေပါသည်။
ကျင့်ဝတ်ဖောက်ဖျက်မှု သတင်းပေးစနစ်ကို အသုံးပြုခြင်းသည် လုံးဝဥဿုံ မိမိဆန္ဒအလျောက်ဖြစ်သည်။ သင့်အနေဖြင့် ဤဒေတာကာကွယ်ရေးဆိုင်ရာ အချက်အလက်များအကြောင်း ဖတ်ရှုနားလည်ပြီး သင်ထည့်သွင်းလိုက်သော ကိုယ်ရေးအချက်အလက်များအလားလုံးကို လက်ရှိ ဒေတာကာကွယ်ရေးဆိုင်ရာ အချက်အလက်များနှင့်အညီ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်သွားမည်ကို သဘောတူညီပါကြောင်း အတည်ပြုမှသာ အစီရင်ခံစာများကို လက်ခံစစ်ဆေးသွားမည်ဖြစ်သည်ကို မှတ်ထားစေလိုပါသည်။
ကျင့်ဝတ်ဖောက်ဖျက်မှု သတင်းပေးစနစ်ကို အသုံးပြု၍ အစီရင်ခံစာတစ်စောင် တင်သွင်းသည့်အခါ အောက်ပါ ကိုယ်ရေးအချက်အလက်များနှင့် အခြားအချက်အလက်များကို ကောက်ခံသွားပါမည်-
သင့်အမည် - သင်မည်သူမည်ဝါဖြစ်ကြောင်း ဖွင့်ဟထုတ်ဖော်ရန် ရွေးချယ်ထားလျှင်၊ သင်သည် METRO GROUP ၏ ဝန်ထမ်းတစ်ဦး ဟုတ်မဟုတ်၊ ပြီးလျှင် သက်ဆိုင်ပါက သင့်အစီရင်ခံစာတွင် ဖော်ပြထားသူများ၏ အမည် သို့မဟုတ် အခြား ကိုယ်ရေးအချက်အလက်များ။
တင်သွင်းသော အစီရင်ခံစာများကို METRO GROUP ကျင့်ဝတ်လိုက်နာရေးဆိုင်ရာ ဌာနမှ အထူးလေ့ကျင့်ထားသည့် ဝန်ထမ်းများမှ လက်ခံရယူမည်ဖြစ်ပြီး အမြဲ အတွင်းရေးအဖြစ် လျှို့ဝှက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ကျင့်ဝတ်လိုက်နာရေးဆိုင်ရာ ဌာနရှိ ဤဝန်ထမ်းများသည် အခြေအနေများကို ဆန်းစစ်သွားမည်ဖြစ်ပြီး လိုအပ်ပါက ဤအမှုနှင့်ဆက်စပ်ပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်သည်။
အစီရင်ခံစာအား စစ်ဆေးရေး ဆက်စပ်အခြေအနေများအတွင်း သို့မဟုတ် အထူးစုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်သည့် အတိုင်းအတာအတွင်း အစီရင်ခံစာများကို METRO GROUP ၏ အခြားဝန်ထမ်းများထံသို့ ဆက်လက်ပေးပို့ရန်လိုအပ်လာသည်များလည်း ရှိနိုင်သည် ၊ ဥပမာ အစီရင်ခံစာသည် လက်အောက်ခံ အဖွဲ့များအတွင်း ဖြစ်ပွားမှုများနှင့် ဆက်စပ်နေပါက။ အထူးစုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်သည့်အတိုင်းအတာမှာ ဥရောပ သမဂ္ဂပြင်ပ သို့မဟုတ် ကိုယ်ရေးအချက်အလက်ကာကွယ်ရေး စည်းမျဉ်း ကွဲပြားသည့် ဥရောပ စီးပွားရေးနယ်မြေရှိ နိုင်ငံများတွင် အခြေခံနိုင်ပါသည်။ အစီရင်ခံစာများကို ဆက်လက်ပေးပို့သည့်အခါ သက်ဆိုင်ရာ ဒေတာကာကွယ်ရေး ဥပဒေများနှင့်အညီ အမြဲလိုက်နာဆောင်ရွက်ပါသည်။
ယင်းအချက်အလက်များကို ကြည့်ရှုအသုံးပြုခွင့်ရှိသူတိုင်းတွင် အတွင်းရေးလျှို့ဝှက်အဖြစ် ထိန်းသိမ်းရန် တာဝန်ရှိပါသည်။
ဒေတာအချက်အလက်ကာကွယ်ရေးဆိုင်ရာ အခြေခံမူများ
ရည်ရွယ်ချက် အကန့်အသတ်
METRO GROUP အနေဖြင့် ကိုယ်ရေးအချက်အလက်များကို မူရင်းကောက်ခံထားသည့် ရည်ရွယ်ချက်များအတွက်သာ သို့မဟုတ် သက်ဆိုင်ရာ ပုဂ္ဂိုလ်မှ နောက်ပိုင်းတွင် သဘောတူညီသည်အထိသာ အသုံးပြုသွားမည်ဖြစ်သည်။ METRO GROUP အနေဖြင့် ကိုယ်ရေးအချက်အလက်များကို ဦးတည်ထားသည့် ရည်ရွယ်ရင်းအတွက်သာ အထူးအသုံးပြုသွားရန်နှင့် ယင်းအချက်အလက်များ ဆက်လက်မှန်ကန်ပြည့်စုံပြီး အချိန်နှင့်တပြေးညီဖြစ်နေစေရန် နည်းလမ်းများ ထားရှိရန်အတွက် ဆက်လက်တာဝန်ရှိနေမည်ဖြစ်သည်။
ကျူးလွန်သူနှင့်ပတ်သက်သည့် အချက်အလက်များ
METRO GROUP သည် သက်ဆိုင်သူများအား ၎င်းတို့နှင့်ပတ်သက်၍ သိမ်းဆည်းထားသည့် ကိုယ်ရေးအချက်အလက်များကို ကြည့်ရှုအသုံးပြုခွင့်ပေးရန် တာဝန်ရှိပါသည်။ ထို့အပြင် ထိုပုဂ္ဂိုလ်များအား မမှန်ကန်သော အချက်အလက်များကို ပြင်ဆင်ခွင့်၊ ပြောင်းလဲခွင့် သို့မဟုတ် ဖယ်ရှားခွင့်များ ပေးရမည်ဖြစ်သည်။ သင်မည်သူမည်ဝါဖြစ်သည် - ကျင့်ဝတ်ဖောက်ဖျက်မှုအား သတင်းပေးသူဟူသည် - ကို ဖွင့်ဟ ထုတ်ဖော်မည်မဟုတ်ပါ။ စုံစမ်းစစ်ဆေးရေးဆိုင်ရာ ဆောင်ရွက်ချက်များကို မထိခိုက်စေနိုင်သည့်အခါမှသာ ဤအခွင့်အရေးများကို ခွင့်ပြုပေးနိုင်မည်ဖြစ်သည်။
အချက်အလက်များ၊ ပြင်ဆင်ခြင်း၊ ဖျက်ခြင်းနှင့် ပိတ်သိမ်းခြင်း
သင်နှင့် အစီရင်ခံစာတွင်ဖော်ပြထားသည့် ပုဂ္ဂိုလ်များတွင် ကိုယ်ရေးအချက်အလက်များ ဖော်ပြခွင့်၊ ပြင်ဆင်ခွင့်၊ ပယ်ဖျက်ခွင့်နှင့် ပိတ်သိမ်းခွင့်များရှိပြီး ကိုယ်ရေးအချက်များ သိမ်းဆည်းထားခြင်းကို အချိန်မရွေး မည်သည့်အကြောင်းပြချက်မှ ပေးရန်မလိုဘဲ ရုတ်သိမ်းနိုင်ပါသည်။ ဤဖြစ်ရပ်တွင် အစီရင်ခံစာ စစ်ဆေးရန်အတွက် သိမ်းဆည်းထားသည့် အချက်များ၏ လိုအပ်မှုကို ချက်ချင်း အကဲဖြတ်သုံးသပ်ရမည်ဖြစ်သည်။ မလိုအပ်တော့သော အချက်အလက်များကို ချက်ချင်း ဖျက်ပစ်သွားမည်ဖြစ်သည်။
သိမ်းဆည်းခြင်း
METRO GROUP သည် နောက်ဆက်တွဲ ဆောင်ရွက်မှုများ လုပ်ဆောင်ရန် လိုအပ်လျှင် သို့မဟုတ် ခိုင်လုံသော အကျိုးတစ်ခု ရှိလျှင် သို့မဟုတ် ဥပဒေအရ ထိုသို့သိမ်းဆည်းထားရန် လိုအပ်လျှင် အစီရင်ခံစာများကို သိမ်းဆည်းထားမည်ဖြစ်သည်။ အစီရင်ခံစာများကို နောက်ဆက်တွဲအဖြစ် ဖျက်ဆီးခြင်း သို့မဟုတ် အမည်မပါအောင် ဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်၊ ဆိုလိုသည်မှာ သင့်အား ကျင့်ဝတ်ဖောက်ဖျက်မှုအား သတင်းပေးသူအဖြစ် သိရှိနိုင်မည့် အချိတ်အဆက်များနှင့် အစီရင်ခံစာတွင် ဖော်ပြထားသူများ၏ အချိတ်အဆက်များအား ပြန်လည်ရယူနိုင်ခြင်းမရှိအောင် အပြီးအပိုင် ဖယ်ရှားပစ်သွားမည်ဖြစ်သည်။